တခါက မြို့လေးတမြို့မှာ သားအဖနှစ်ယောက်ရှိသတဲ့။ သူတို့ဟာ တဦးနဲ့တဦး သိပ်ချစ်ကြပါတယ်။ ခက်တာက စားဝတ်နေရေးအတွက် ဖခင်ဖြစ်သူက အလုပ်ထွက်လုပ်ရပြီး နောက်ကျမှ အိမ်ပြန်လာတတ်တယ်။ ဒီလိုနဲ့ နှစ်ပေါင်းများစွာကြာလာခဲ့တယ်။ သားဖြစ်သူကတော့ ဖခင်ဖြစ်သူ ပြန်လာမယ့် အိမ်ပေါက်ဝက အမြဲထိုင်စောင့်နေခဲ့ရတာပေါ့။ တနေ့မှာတော့ ညမိုးချုပ်မှ အိမ်ပြန်လာတဲ့ ဖခင်ဖြစ်သူကို အသက်ရှစ်နှစ်သာ ရှိသေးတဲ့ သားငယ်က မေးခွန်းတခုမေးတယ်။
Thursday, May 12, 2016
Tuesday, May 10, 2016
ပိုင်ဆိုင်ခြင်းမဲ့မေတ္တာ
တခါက တောရွာတရွာမှာ လင်မယားနှစ်ယောက် ရှိပါတယ်။ သူတို့လင်မယားဟာ အင်မတန်ဆင်းရဲကြပေမယ့် တယောက်နဲ့တယောက် သိပ်ချစ်ကြသတဲ့။ ယောကျာ်းဖြစ်သူမှာ နာရီလေးတလုံးရှိတယ်။ အဲဒီနာရီလေးက သူ့ဖခင်ပေးသွားတဲ့တခုတည်းသော အမွေလေးပါ။ ဒါပေမယ့် နာရီလေးက ပျက်နေတာကြောင့် နာရီပြင်ဖို့ ပိုက်ဆံစုနေခဲ့တာ လအတော်ကြာနေခဲ့ပြီ။ တရက်မှာတော့ ယောကျာ်းဖြစ်သူကို ဘီးလေးဝယ်ပေးဖို့ ဇနီးဖြစ်သူက ပူဆာပါသတဲ့။ အိမ်ထောင်ကျပြီးကတည်းက တမြတ်တနိုးထားခဲ့တဲ့ ဆံနွယ်တွေကို ထိန်းသိမ်းပြုပြင်ဖို့ သူ့မှာ ဘီးလေးတောင်မရှိရှာဘူးလေ။ ခက်တာက ယောကျာ်းဖြစ်သူက ဝယ်ပေးချင်ပေမယ့် သူ့မှာရှိတဲ့ နာရီပျက်လေး ပြင်ဖို့တောင် ပိုက်ဆံစုနေတာ မရသေးဘူးလေ။ အဲဒီအကြောငိးရှင်းပြတော့ ဇနီးဖြစ်သူက စိတ်မကောင်းဖြစ်မိပေမယ့် အတင်းမပူဆာတော့ဘူးတဲ့။ သူကလည်း သူ့ယောကျာ်းကို သိပ်ချစ်ခဲ့တာကိုး။ ဒါပေမယ့် ယောကျာ်းဖြစ်သူကတော့ သူ့နာရီလေးပြင်ပြီးတာနဲ့ မိန်းမအတွက် ဘီးဝယ်ပေးမယ်လို့ဆုံးဖြတ်လိုက်တယ်။
Monday, May 9, 2016
ဒေါသထွက်တဲ့အခါ ဒီစာလေးပြန်ဖတ်ပါ
တခါက အလွန်ဒေါသထွက်လွယ်ပြီး စိတ်ဆတ်တဲ့ ကောင်လေးတစ်ယောက် ရှိခဲ့ဖူးတယ်။ သူဟာ ဒေါသထွက်တတ်တာကြောင့် အမှားအယွင်းတွေလည်း မကြာခဏကျူးလွန်တတ်တယ်။ ဒီလိုနဲ့တနေ့မှာ ဖခင်ဖြစ်သူက အဲဒီကောင်လေးကို အိမ်ရိုက်သံတစ်ထုပ်နဲ့ တူတစ်ချောင်း ပေးခဲ့တယ်။
"ငါ့သား မင်းဟာ သူများနဲ့မတူအောင် အရမ်းစိတ်ဆတ်၊စိတ်တိုလွယ်တယ်။ ဒီတော့ မင်းစိတ်ကို ထိန်းနိုင်ဖို့ ဟောဒီသံနဲ့ တူကို ယူထားပါ။ မင်းစိတ်ဆိုး ဒေါသထွက်တဲ့အခါတိုင်း အိမ်ရှေ့က ခြံစီးရိုးပေါ်မှာ ဟောဒီသံရိုက်ပြီး ဖြေဖျောက်ကြည့်ပါ။ မင်းဘယ်လောက်ဒေါသထွက်လွယ်တယ်ဆိုတာ အဲဒီသံချောင်းတွေက အဖြေပဲ။ မကြာခင်မှာ မင်းဒေါသတွေ တဖြည်းဖြည်း လျှော့နည်းလာပါလိမ့်မယ်"
ကောင်လေးဟာ ဖခင်ပြောတဲ့အတိုင်း သူဒေါသထွက်လာတဲ့အခါမျိုးမှာ သံရိုက်ပြီး ဖြေဖျောက်ကြည့်တယ်။ ပထမရက်အတွင်းမှာပဲ သံချောင်း ၄၀လောက် ရိုက်ပြီး ဖြစ်နေတယ်။ ဒီလိုနဲ့ နေ့စဉ်ရက်ဆက်ရိုက်လာခဲ့တာ တလလောက်ကြာတဲ့အခါ သူ့စိတ်ကို တဖြည်းဖြည်း
ချစ်ခြင်းမေတ္တာရဲ့ လက်ဆောင်မွန်
တခါက သားသမီးအရူးအမူး လိုချင်တဲ့ လင်မယားနှစ်ယောက် ရှိခဲ့တယ်။ သူတို့ဟာ အသက်ကြီးမှ အိမ်ထောင်ကျတော့ သားသမီးရတနာလေး တစ်ယောက်လောက်ရရင်ကောင်းမှာပဲလို့ တွေးခဲ့မိကြတယ်။ ကံကြမ္မာက သူတို့နှစ်ယောက်ကို မျက်နှာသာပေးခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ သူတို့သိပ်လိုချင်ခဲ့တဲ့ ကိုယ်ဝန်ရှိလာခဲ့တယ်။ ဒီလိုနဲ့ ဆေးရုံတစ်ခုမှာ သူ့ရဲ့ သားရတနာလေးကို မွေးဖွားခဲ့တယ်။ အသက်ကြီးတာအပြင် နှလုံးရောဂါအခံရှိတာကြောင့် ကလေးငယ်ကို ခွဲပြီး မွေးဖွားခဲ့ရတယ်။ မွေးဖွားပြီးစအမေဖြစ်သူဟာ အားအင်ကုန်ခန်းတဲ့ကြားထဲက သူ့ရဲ့သားဖြစ်သူရဲ့မျက်နှာကို မြင်ချင်ခဲ့တယ်။သူ့မှာ ဒီလိုနေ့မျိုး စောင့်နေခဲ့တာ ကြာပြီမဟုတ်လား။
ပျောက်ဆုံးခဲ့သော နာရီတစ်လုံး
တခါက တောရွာတရွာမှာ လယ်သမားကြီး တစ်ယောက်ရှိတယ်။ သူဟာအလွန်သဘောကောင်းပြီး ဖော်ရွေတတ်တယ်။ နောက်ပြီး သံယောဇဉ်လဲကြီးတယ်။တနေ့မှာ သူအရမ်းတန်ဖိုးထားတဲ့ နာရီလေးဟာ စပါးကျီတွေထားရင်း နွားတင်းကုတ်ထဲမှာ ကျပျောက်သွားတယ်။ နာရီက တန်ဖိုးမရှိလှပေမယ့် နှစ်ပေါင်းများစွာ ဝတ်ဆင်လာခဲ့တာဖြစ်တော့ သူ့မှာယူကျုံးမရဖြစ်ရတယ်။ ဒါ့ကြောင့် ပျောက်ဆုံးသွားတဲ့နာရီလေးကို တွေ့ဖို့တနေကုန်ရှာဖွေခဲ့တယ်။ သူဘယ်လိုပဲ ရှာဖွေပေမယ့် အဲဒီနာရီကို ပြန်မတွေ့ရဘူး။
ဒီလိုနဲ့ ညနေရောက်တဲ့အခါ ကလေးငယ်တွေဟာ တင်းကုပ်ဘေးမှာ လာပြီး ဆော့ကစားကြတယ်။ ကလေးတွေရဲ့အသံကိုကြားလိုက်တဲ့အခါ အကြံတခုရသွားတယ်။သူတယောက်ထဲရှာတာထက်စာရင်
ဒီလိုနဲ့ ညနေရောက်တဲ့အခါ ကလေးငယ်တွေဟာ တင်းကုပ်ဘေးမှာ လာပြီး ဆော့ကစားကြတယ်။ ကလေးတွေရဲ့အသံကိုကြားလိုက်တဲ့အခါ အကြံတခုရသွားတယ်။သူတယောက်ထဲရှာတာထက်စာရင်
ဖန်ခွက်လေးကို လွှတ်ချလိုက်ပါ
အတန်းထဲတွင် စိတ်ပညာရှင်တယောက် စာသင်ကြားနေသည်။ တပည့်အားလုံးက သူသင်ကြားသမျှကို စိတ်ဝင်တစားနားထောင်နေကြသည်။ ထိုစဉ် စိတ်ပညာရှင်က ရုတ်တရက် စားပွဲပေါ်တင်ထားသော ဖန်ခွက်တခွက်ကို လှမ်းယူလိုက်သည်။ ဖန်ခွက်ထဲတွင် ရေတဝက်ဖြည့်ထားသည်။ အားလုံး၏ စိတ်ထဲတွင် သမာရိုးကျမေးခွန်းဖြစ်သည့် ဖန်ခွက်ထဲမှာ ရေတဝက်ပြည့်တာလား၊ ရေတဝက်လျှော့နေတာလားဟု မေးမည် ထင်မှတ်ထားကြပေမယ့် စိတ်ပညာရှင်ကတော့ ခပ်ရိုးရိုးမေးခွန်းတခုသာမေးခဲ့သည်။
ပျော်ရွှင်မှုကို ရှာဖွေနည်း
ပျော်ရွှင်မှုကို ရယူခြင်းဆိုတဲ့ ခေါင်းစဉ်နဲ့ နှီးနှောဖလှယ်ပွဲတခုလုပ်ခဲ့ပါတယ်။ ခေါင်းစဉ်ကြောင့် ဆွေးနွေးပွဲကို လူအယောက် (၁၀၀)နီးပါးခန့် စိတ်ဝင်တစား တက်ရောက်ခဲ့ကြပါတယ်။အဆိုပါနှီးနှောဖလှယ်ပွဲမှာ ဦးဆောင်ဆွေးနွေးသူက နာမည်ကြီးတယောက်ပါ။ သူက ဆယ်မိနစ်ခန့် စကားပြောပြီးတာနဲ့ ဆွေးနွေးပွဲကို ခဏရပ်ပြီး တက်ရောက်လာသူအားလုံးကို ဘောလုံးတလုံးစီ လိုက်ဝေခိုင်းသတဲ့။ နောက်တော့ ဘောလုံးပေါ်မှာ မိမိနာမည်ကို ကိုယ်စီရေးခိုင်းပြီး အကုန်လုံးကို ခြင်းတလုံးထဲ စုပြီး ပြန်ထည့်ခိုင်းပြန်တယ်။ တက်ရောက်လာသူတွေလည်း နားမလည်ပေမယ့် သူခိုင်းတဲ့အတိုင်း လုပ်ရတာပေါ့။ ဘာ့ကြောင့်လဲဆိုတော့ ပျော်ရွှင်မှုကို လိုလားကြတာကိုး။
Subscribe to:
Comments (Atom)